ကမမောင်းမြို့၌ ဒုတိယအုပ်စု (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံနိုင်ရေး မြန်မာ၊ စကောကရင် နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

ကမမောင်း  စက်တင်ဘာ ၂၀

ကရင်​ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ် ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကွင်းဆက် ပြတ်တောက် နိုင်ရေးနှင့် မိဘပြည်သူများအား ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှမထိုးနှံရသေးသည့် သူများအား ဒုတိယအုပ်စုအနေဖြင့် ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့က ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရောဂါကွင်းဆက် ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ်မနေ အရေးကြီးကိစ္စများ၊ သွားလာရာ၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာ နိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် ဒုတိယအုပ်စုအဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ထိုးနှံနိုင်ရေး အချိန်၊ နေ့ရက်နှင့် ထိုးနှံပေးမည့် နေရာများအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေး တိုက်တွန်းနှိုးဆော်ချက်များကို မြန်မာဘာသာ၊ စကောကရင် နှစ်ဘာသာဖြင့် အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)