လပွတ္တာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများအား ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေး

လပွတ္တာ   စက်တင်ဘာ  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်() နာရီအချိန်က ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်း၍ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ  တာဝန်ရှိ သူများက"ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုး မျိုးထုတ်ပေးနိုင်ရေးအတွက် မေလ () ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများနှင့် ရွေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် ကိုင်ဆောင်သူလက်မှတ်မရှိသူများကို ဥပဒေနှင့်အညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း" ရှင်းလင်းပြောကြား ခဲ့ပြီးရပ်ကွက်နှင့် ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရန် ဝန်ထမ်းများနှင့်အတူ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။

လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မေလ ရက်နေ့မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ လ ရက်နေ့အထိဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် မြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်၊ ၃မိုင်မြို့()ရပ်ကွက်၊ ကျေးရွာအုပ်စု () အုပ်စုဆောင်ရွက်ပြီးစီးခဲ့ပြီး ဆောင်ရွက်ပြီးစီးသည့် ဦးရေမှာ (၁၄၂၆) ဦးရှိပြီဖြစ်ကြောင်းနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယောဧရာ(ခရိုင်ပြန်/ဆက်)