ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မော်လမြိုင်ကျွန်း မြို့နယ်ဆန်စက်ပိုင်ရှင်များ ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း(၃၅၃)ကျောင်း၊ သီလ ရှင်(၁၂)ကျောင်းသို့ ဆွမ်းဆန်တော်နှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မော်လမြိုင်ကျွန်း  စက်တင်ဘာ  ၂၀

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မော်လမြိုင်ကျွန်း မြို့နယ်ဆန်စက်ပိုင်ရှင်ကြီးများ၊ မြို့မိမြိုဖများ၊ ဌာနဆိုင်ရာများမှ မြို့နယ်အတွင်းရှိ ဝါဆိုဝါကပ်တော် မူကြကုန်သော သံယာ တော်များ၊ သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  ပစ္စည်း(၄)မျိုးနှင့် စုပေါင်း၍ဝါဆို သင်္ကန်း ဆပ်ကပ် လှူဒါန်းခြင်းအခမ်းအနားကို မြို့နယ်မော်ဧရာခန်းမ၌ ယနေ့၊ နေ့လည် (၂) နာရီ အချိန်က ကျင်းပဆောင်ရွက်ကြောင်း သိရှိရသည်။

ထိုသို့ လှူဒါန်းရာတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး ၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူး ကြီးဇွဲသူဟန် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်ဗိုလ်မှူး မင်းထက်မှူးနှင့် အဖွဲ့ဝင်များ ၊ဆန်စက်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများမှ မြို့နယ်သံဃနာယကဆရာတော်ကြီး နှင့် ဝန်ဆောင်ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းများဆပ်ကပ် လှူဒါန်းခြင်း၊ တိုင်းစီမံအုပ် ချုပ်ရေးအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော် ၊ဆီ၊ဆား ၊ ပဲတို့အား အသီးသီးဆပ်ကပ်လှူဒါန်း ကြသည်။

အဆိုပါ လှူဒါန်းမှုများမှာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၅၃)ကျောင်း၊ သီလရှင် ကျောင်း (၁၂) ကျောင်းရှိ ဆရာတော်၊ သံဃာတော် ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ လှူဒါန်းသောဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲပစ္စည်း (၄)မျိုး(၁၁၃၆၀၀၀၀)ကျပ်၊ကျပ် တစ်ရာတစ်ဆယ့်သုံးသိန်း ခြောက် သောင်းတိတိ၊မြို့နယ်မှ စု့ပေါင်း လှူဒါန်းသောပစ္စည်း(၄)မျိုး ၊ (၆၃၀၀၀၀၀) ကျပ်၊ ခြောက်ဆယ့်သုံးသိန်းကျပ်တိတိ ၊ စုစုပေါင်း (၁၇၆၆၀၀၀၀)ကျပ်၊ ကျပ်တစ်ရာ့ ခုနစ်ဆယ့် ခြောက်သိန်းခြောက်သောင်းတန်ဖိုးရှိ ဆွမ်းဆန်တော် (၄၆၅)အိတ်၊ဆီ(၅၈၁၁)ပိသာ၊ ဆား (၃၆၅)ပိသာ၊ပဲ (၉၄၀) ပိသာနှင့် ဝါဆိုသင်္ကန်း နှင့်နဝကမ္မအလှူတော်အတွက် (၁၉၀၀၀၀)ကျပ်၊ တစ်ဆယ့်ကိုးသိန်း ကျပ်၊စုစုပေါင်း (၁၉၅၆၀၀၀၀)ကျပ်၊ ကျပ်တစ်ရာကိုးဆယ့်ငါးသိန်းခြောက်သောင်း ကျပ်တိတိဖြစ်ပါကြောင်း သိရှိရသည်။

မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်စီမံ၍ ခွဲဝေလှူ ဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

              သီတာအောင်(ပြန်ဆက်)