မြင်းမူမြို့နယ်တွင် ဒုတိယအကြိမ် (ပထမအသုတ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

မြင်းမူ  စက်တင်ဘာလ  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်း နေထိုင်လျက်ရှိကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူ ရဟန်းရှင်လူ ပြည်သူ များအား သတ်မှတ်ထားသည့် စုရပ်များတွင် စက်တင်ဘလ(၁၉)ရက် (ယနေ့)နံက်(၈)နာရီမှစတင်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရှိ ရသည်။

ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် စုရပ်များအနေဖြင့် မြင်းမူမြို့ အနောက်ပိုင်း ရပ်ကွက်ရှိ အထက(၁)၊ အထက(၂)၊ မိုးလုံလေလုံ အားကစားခန်းမ၊ တောင်ပိုင်းရပ်ကွက်ရှိ  စွန်းလွန်း ကျောင်းတိုက်ဓမ္မာရုံ၊ မြောက်ပိုင်းရပ်ကွက်ရှိ အမက(၂) ကျောင်းများတွင် သတ်မှတ် ထားရှိ ကြောင်း၊ ယခုအကြိမ်တွင်  ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူ   ရဟန်းရှင်ပြည်သူ (၂၅၀၀၀) ကို ယနေ့မှစတင်ကာ စက်တင်ဘာလ (၂၁)ရက်နေ့ ထိ နေ့စဉ်နံနက် (၈)နာရီမှ (၁၂)နာရီထိ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌဦးရဲကိုကိုထံမှသိရှိရသည်။

ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆေးထိုးနှံ လာရောက်သူများအနေဖြင့်   မျက်နှာနှင့် နှာခေါင်းစည်း(mask) တပ်ဆင်လာရေးနှင့် တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးတွင်သာ နေထိုင်ကြရေးတို့ကို ဆော်ဩပေးလျက်ရှိကြောင်း သိရသည်။

အောင်စိုးဖေ