တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ‌ ဆောင်ရွက်ပေးနေမှုတို့အား ကွင်းဆင်း ဆောင်ကြည့်ရှု

ထားဝယ်   စက်တင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ " ပန်းခင်း " စီမံချက်ဖြင့် အိမ်ထောင်စုလူဦးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ယနေ့ နံနက် ပိုင်းတွင် ထားဝယ်မြို့၊အိမ်ရှေ့ပြင်ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆောင်ရွက်နေမှုများကို  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ကြည့်ရှု့စစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ အထူးအလေးထား ဆောင်ရွက်ကြရန်၊ရွေ့ပြောင်းနေထိုင်သူများ အတွက်မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်း (မရှိ)၊လက်ရှိ ဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်း(မရှိ)သူများကို (၅)ဦးကော်မတီက ညှိနှိုင်း ဆောင်ရွက်ပေးကြရန်၊ ရပ်ကွက်ရှိ လူမှုရေးအသင်းအဖွဲ့များအ‌နေဖြင့် အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ယခုလိုပူးပေါင်းကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ဆက်လက်၍လည်းပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြစေလိုပါကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့သည်။

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းတွင်ရပ်ကွက်နေ ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များကို စက်တင်ဘာ ၂၀ ရက်နေ့ထိ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းသိရပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို စီမံချက်ကာလ  ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။