ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါ ကွင်းဆက်ဖြတ်တောက်ထိန်းချုပ်နိုင်ရေး မိုဘိုင်းအသွင်သဏ္ဍာန်ဖြင့် စက်ရုံအလုပ်ရုံများ နှင့် စားသောက်ဆိုင်အလုပ်သမားများအား RTD ဖြင့် ဆက်လက် ကွင်းဆင်းစစ်ဆေး

ကော့သောင်း၊ စက်တင်ဘာ ၁၉

ကော့သောင်းမြို့တွင်  ကိုဗစ်၁၉ရောဂါ ကွင်းဆက်ဖြတ်တောက်ထိန်းချုပ်နိုင်ရေး မိုဘိုင်းအသွင်သဏ္ဍာန်ဖြင့် RTD ဖြင့်လိုက်လံ စစ်ဆေး ဖေါ်ထုတ်လျက်ရှိရာ ယနေ့ နံနက်၁၀နာရီက ကျန်းမာရေးဌာနမှ စက်ရုံအလုပ်ရုံများနှင့် စားသောက်ဆိုင်များမှ အလုပ်သမားများအား RTD ဖြင့် ကိုဗစ်၁၉ရောဂါပိုးကူးစက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအဖွဲ့များဖြင့် ကော့သောင်းမြို့အတွင်းရှိ စက်ရုံ/အလုပ်ရုံများမှ လုပ်သားများ၊မိသားစုဝင်များအတွင်း ရောဂါပိုး ကူးစက်ခံထားရသူများ ဖေါ်ထုတ်နိုင်ရန်  အေးရိပ်ရပ်ကွက်ရှိ ကြက်တောင်အားကစားရုံတွင် စုစည်းကာ သုခရေခဲစက်ရုံ၊ ကျောက်ဆူးသောက်ရေသန့်စက်ရုံ၊ ရယ်ဒီသောက်ရေသန့်စက်ရုံနှင့် စားသောက်ဆိုင်များရှိ လုပ်သားများ၊ မိသားစုဝင်များအား Antigen repid test kit (RTD) ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့မှာ လွန်ခဲ့သည့် ရက်ပိုင်းရက်ပိုင်းက ရပ်ကွက်များထဲ ရောဂါလက္ခဏာမပြဘဲ သာမန်လူများကဲ့သို့ သွားလာလှုပ်ရှားလျက် ရောဂါကူးစက်ပြန့်ပွားကို ဆက်လက်ဖြစ်ပေါ်စေနိုင်သဖြင့် ကိုဗစ်၁၉ရောဂါ ပိုးရှိနေသူတွေကို ဖေါ်ထုတ်ကာ ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်ထိန်းချုပ်နိုင်ရန် လိုက်လံစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး အခု စက်ရုံအလုပ်ရုံနှင့် စားသောက်ဆိုင်များမှာလည်း ရောဂါကူးစက်ခံထားရသူများ ဖေါ်ထုတ်နိုင်ရန် ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ရောဂါထိန်းချုပ်နိုင်သည့် အချိန်အတိုင်းအတာတစ်ခုအထိ လိုက်လံစစ်ဆေးရန် အစီအစဉ်ရှိကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိသူများတွေ့ရှိပါက မိမိတို့ စက်ရုံ/အလုပ်ရုံများတွင် စက်ရုံတာဝန်ရှိသူများ စီစဉ်မှုဖြင့် ပိုးတွေ့လူနာများကို  သီးခြား Quarantine ထားရှိကာ ဆေးကုသမှု ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)