ဝါးခယ်မမြို့နယ်၌‌ ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ဝါးခယ်မ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကမ်းပြိုကျေးရွာအုပ်စု၊ ကမ်းပြို ကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခန့်က ရွှေလောင်းမြစ်ရေတိုက်စားသဖြင့် မြစ်ကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအလျား (၅၀) ပေ၊ အနံ (၂၅) ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ /ရွာသားများက မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြစ်ကမ်းပါးအနီးတွင် သာသနာ့လင်းရောင်ခြည် ကျောင်းတိုက် တည်ရှိ၍ ပဓာနနာယကဆရာတော်ဘဒ္ဒန္တ စန္ဒိမာနှင့်ရဟန်း (၃) ပါး သီတင်းသုံးလျက်ရှိပြီး လူနေအိမ်များ မရှိကြောင်း သိရသည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/တိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရေအရင်းအမြစ်ဦးစီးဌာနသို့ တင်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ကမ်းပြိုကျေးရွာအုပ်စုတွင် ကမ်းပြို၊ ရေကျော်၊ ထုံးဝိုင်းကြီးနှင့် ပုဇွန်ချောင်းကျေးရွာ (၄) ရွာရှိကြောင်း၊ ကျေးရွာအုပ်စုအတွင်း အိမ်ခြေ(၅၈၂)လုံး၊ အိမ်ထောင်စု(၇၆၄)စု၊ လူဦးရေကျား (၁၀၉၇) ဦး၊ မ(၁၁၀၆)ဦး၊ ပေါင်း (၂၂၀၃) ဦးနေထိုင်ပြီး ကမ်းပြိုကျေးရွာတွင် အိမ်ခြေ (၁၂၅) လုံး၊ အိမ်ထောင် (၁၇၄)စု၊ လူဦးရေကျား(၂၆၄) ဦး၊ မ (၂၇၉) ဦး၊ ပေါင်း (၅၄၃) ဦးတို့နေထိုင်ကြောင်း သိရသည်။

စောသန္တာဦး