ကလိန်အောင်မြို့တွင် အသက်(၄၀)နှစ်နှင့် အထက်ပြည်သူများနှင့် ဦးစားပေးအဆင့်လိုက်(ပထမအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ကလိန်အောင် စက်တင်ဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူ များနှင့် ဦးစားပေးအဆင့် လိုက်ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို ယမန်နေ့နံနက်၉နာရီအချိန်မှစ၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ က အ-ထ-က၊ကလိန်အောင်ကျောင်းခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၄၀)နှစ်နှင့် အထက်ပြည်သူများ၊ အသက်(၁၈)နှစ်နှင့် အထက်မသန်စွမ်းသူများ၊ အသက်(၁၈)နှစ်နှင့် အထက်ရဟန်းသံဃာ/သီလရှင်များ၊ နာတာရှည် ရောဂါရှိပြီး ကူးစက်ရောဂါမရှိသူများနှင့် ဦးစားပေးအဆင့်လိုက်ပြည်သူ(၁၅၀)ဦးအား ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီထိုးနှံပေးလျက် ရှိသည်။

အဆိုပါကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊တပ်ရင်းတပ်ဖွဲ့များမှတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်​သော ပူးပေါင်းအဖွဲ့က လိုအပ်သည်များကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)