လပွတ္တာ သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းကို ယမန်နေ့နံနက်၁၀ရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၃၁၀၀၅) အား တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၂၀၁၀၀၀၀၀/-)အား သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဦးက လွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ မိမိတို့ ရပ်ကွက်/ကျေးရွာ အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည် ။
ဝင်းကျော်မြင့် ခရိုင်(ပြန်/ဆက်)