ယင်းမာပင် စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း ပညာဇွဲမာန်ခန်းမ၌ ယမန်ရက်၊နံနက်၉နာရီက ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( Sinopharm) ထိုးနှံခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည် အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ၉ ရက်မြောက်နေ့စက်တင်ဘာ ၁၇ တွင်(၄၆၀)ဦး၊ ဒုတိယအကြိမ် ၁၀ ရက်မြောက်နေ့ ယမန်ရက်တွင် (၂၃၅)ဦး (၂)ရက်ပေါင်း(၆၉၅)ဦးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး( Sinopharm ) ထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးပေးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းများ ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် အသက်(၆၅)နှစ်နှင့် အထက်ရှိသူများ၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်း/ သံဃာ/ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသည့် ယာဉ်မောင်း/ယာဉ်နောက်လိုက်များ၊ ဈေးရောင်း/ဈေးဝယ်များ စသည့်ဖြင့် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများကို ဒုတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်သည်။
ယင်းမာပင်မြို့နယ်၌ သြဂုတ်လအတွင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး ခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများ အလိုက် သတ်မှတ်ထားရှိသူ (၆၇၀၀) ဦးအား ပထမအကြိမ် ထိုးနှံပေးနိုင်ခဲ့ပါသည်၊ ၄င်းတို့အား စက်တင်ဘာ၄ရက်နေ့မှစတင်၍ဒုတိယအကြိမ်အဖြစ်ယနေ့စက်တင်ဘာ ၁၈ ရက်နေ့ ၁၀ ရက် မြောက်နေ့အထိ စုစုပေါင်း(၄၁၇၀)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်၍ ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူအားလုံးကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Sinopharm )ဒုတိယအကြိမ်ထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။