ကျောက်ကြီး သြဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ၊ မုန်းဒေသများသို့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ရောက်ရှိပြီး ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
ကျောက်ကြီး မြို့နယ်အတွင်းရှိ ရင်းတိုက်ကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ညောင်တန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းနှင့် တပ်ကုန်းရွာဟောင်းကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတို့၌ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးရေးလမ်းများ၊ တံတားများ၊ လျှပ်စစ်မီးရရှိရေးနှင့် စာသင်ကျောင်းများ တိုးချဲ့ဆောက်လုပ်နိုင်ရေး တို့ကို ဒေသခံ ပြည်သူများမှ တောင်းဆိုခဲ့သည်။
အဆိုပါ ဒေသခံများ၏ တောင်းဆိုမှုပေါ် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမ ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေချိန်တွင် ခံစားရသည့် ပြည်သူများ၏ လူမှုဒုက္ခများ၊ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Kခိုင် (ပြန်/ဆက်)