ငါးသိုင်းချောင်း ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လုထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာ နံရံကပ်စာစောင်ပြပွဲနှင့် Onlineမှတစ်ဆင့် အသိပညာပေးဆွေးနွေးခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး ဆွေးနွေးရာတွင် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဦးဇော်ဝင်းထွန်းက စီစဉ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ မြို့ကြက်ခြေနီ အသင်းခွဲငယ်ဥက္ကဋ္ဌ ဦးမောင်မောင်အေးက လူကုန်ကူးမှုဖြစ်ပေါ်လာရခြင်း သမိုင်းကြောင်းကိုလည်းကောင်း၊ မြို့ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တပ်ခွဲမှူး ဦးခင်မောင်သန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့အစည်းများ အကြောင်းနှင့် အငြိမ်းစားဥပဒေအရာရှိ (ဒုတိယညွှန်ကြားရေးမှူး/ငြိမ်း) ဦးသက်ဦးက လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ် အကြောင်းအရာများကို ဆွေးနွေးပေး ခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးမှုကို ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ဒေသခံပြည်သူများ အဆင်ပြေ ချောမွေ့စွာ လေ့လာကြည့်ရှုနိုင်ရန် ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Online မှတစ်ဆင့် လူမှုကွန်ရက်စာမျက်နှာတွင် ရိုက်ကူးတင်ဆက် ဖော်ပြပေးခဲ့သည်။
ငါးသိုင်းချောင်းမြို့ လူထုဗဟိုပြုဌာန၊ ဘက်စုံသုံးခန်းမတွင် ပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသထားရှိမှုကို မြို့ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီမောင်မယ် (၁၀)ဦး တက်ရောက်လေ့လာ ခဲ့ကြကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)