ကရင်ပြည်နယ်တွင် မသန်စွမ်းသူများ၊ နေရပ်ရွေ့ပြောင်းသူများနှင့် ထိခိုက်လွယ် အမျိုးသမီးများအား ငွေးရေးကြေးရေး ဝန်ဆောင်မှုဆိုင်ရာ မိတ်ဆက်ပွဲကျင်းပ

ဘားအံ  ဩဂုတ် ၁

ကရင်ပြည်နယ်တွင် ဘရက်မြန်မာ(BRAC Myanmar)မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မသန်စွမ်းသူများ၊ နေရပ် ရွေ့ပြောင်းရသူများနှင့် ထိခိုက်လွယ်အမျိုးသမီးများအတွက် ငွေရေးကြေးရေးဆိုင်ရာအထောက်အကူပြု ဝန်ဆောင်မှု အစီအစဉ် မိတ်ဆက်ပွဲအခမ်းအနားကို မန်နေ့နံနက် ၁၀ နာရီအချိန်က ဇွဲကပင်သဘာဝ ဟိုတယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ Brac Myanmar  အထွေထွေမန်နေဂျာ Mr.Sazad က Brac Myanmar ဆောင်ရွက်မည့်လုပ်ငန်းနှင့် ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီး ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မြမာလာစိုးက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်သည့် လုပ်ငန်းများကိုလည်းကောင်း၊ Livelihoods and Food Security Fund (LIFT)အဖွဲ့တာဝန်ခံ Lဆမ်ခမ်းက LIFT ဆောင်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း၊ Association For Aid and Relief . Japan (AAR-Japan) တာဝန်ခံ ဦးစောဝင်းနိုင်က AAR(Japan)အဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများကို အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ Brac Myanmar စီမံကိန်းမန်နေဂျာ ဒေါ်နှင်းဆုဝေက အကောင်အထည်ဖော် ဆောင်ရွက်မည့် Financial Inclusion အစီအစဉ်များကို ရှင်းလင်းပြီး တက်ရောက်လာသူများက စီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်၍ သိရှိလိုသည် များကို ပြန်လည် ဆွေးနွေးခဲ့သည်။

အဆိုပါ စီမံကိန်းကို ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲမြို့နယ်များတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းအမျိုးအစား ()မျိုးဖြစ်သည့် အုပ်စုဖွဲ့ချေးငွေ၊ စီးပွားလုပ်ငန်း ချေးငွေ၊ အမျိုးသမီးလုပ်ငန်းငယ်ချေးငွေ၊ စိုက်ပျိုးရေးတောင်သူချေးငွေ၊ မသန်စွမ်းသူ အကျိုးပြု ချေးငွေလုပ်ငန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)