လိပ်သိုမြို့၊ မိုင်းလွန်ကျေးရွာအုပ်စု၌ အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ​ကာကွယ်​ရေးအတွက် Mask များနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

လိပ်သို သြဂုတ် ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ မိုင်းလွန်ကျေးရွာအုပ်စု၊မိုင်းလွန်အထက်၊ မိုင်းလွန်အလယ်နှင့် မိုင်းလွန် အောက် ကျေးရွာများအတွင်းရှိ အိမ်ထောင်စုများအား Action Aid Myanmar အသင်းနှင့် သံတောင်ကြီးမြို့နယ် အရပ်ဖက် အဖွဲ့ အစည်းများပူပေါင်းကာ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို အိမ်တိုင် ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် Action Aid Myanmar အသင်းမှ အဖွဲ့ဝင် ဦးစောနေထူးနှင့်အတူ လိပ်သိုမြို့မှ အဖွဲ့ဝင် ဒေါ်နော်အဲလိဇဘက်ချောနှင့် သံတောင်ကြီးမြို့နယ်အရပ်ဖက်အဖွဲ့အစည်းမှအသင်းဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် Mask Hand Gel များကို ကျေးရွာတစ်ရွာလျှင် Mask ၅၀၀ ခုနှုန်း၊ အပူချိန်တိုင်းကိရိယာ တစ်ခုနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လိပ်သိုမြို့နယ်အတွင်းရှိ ကျန်ရှိ နေသော ကျေးရွာများအားထောက်ပံ့ပစ္စည်းများကို လိုက်လံဖြန့်ဝေပေးနိုင်ရန် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)