ကလိန်အောင်မြို့ (Facility Quaratine Centre)၌ ပြည်ပပြန်များ၏ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန်အတွက် နှာခေါင်းတို့ဖတ်ဓာတ်ခွဲနမူနာများရယူ

ကလိန်အောင် သြဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ (Facility Quarantine Centre)၌ ပြည်ပပြန်များ၏ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရန်အတွက် ပြည်ပပြန် (၃) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေး နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာများရယူ‌မှုကို ဩဂုတ်လ (၁၃) ရက် ညနေ (၅) နာရီက မြို့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံကျန်းမာရေး ဆရာမ ဒေါ်စုသက်မွန်ဦးဆောင်သော တာဝန်ရှိသူများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ပပြန် (၃) ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ဖတ် များကိုရယူခဲ့ကာ ၎င်းနှာခေါင်းတို့ဖတ်တို့ကို မြို့ကျန်းမာရေးဦးစီးဌာနမှ အဆင့်ဆင့်သို့ ပို့ဆောင်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

မိုးမိုးခိုင် (ကလိန်အောင်၊ ပြန်/ဆက်)