စဉ့်ကူး ဇူလိုင် ၁၄
စဉ့်ကူးမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ထပ်မံတိုးမြှင့် ကြေညာလျက်ရှိရာ မဲစာရင်းလာရောက်ကြည့်ရှု စေရန်အတွက် ယမန်နေ့ နံနက် ၆ နာရီ အချိန်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များသည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပေးထားသော အသိပညာပေး လက်ကမ်းစာစောင်များအား စဉ့်ကူးမြို့လမ်းစုံနှင့် မြို့နယ်စည်ပင်သာယာစျေးတို့တွင် ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် နှိုးဆော်ရေးကားဖြင့် မြို့နယ်အတွင်း ကားလမ်းဘေးဝဲယာ၊ လူစည်ကားသည့် နေရာတို့တွင် လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ တေးသီချင်းများ ဖွင့်လှစ်ကြေညာခြင်းတို့ဖြင့် မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးတို့အတွက် မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအတွင်းရှိ ပြည်သူများ အနေဖြင့် မဲဆန္ဒရှင် စာရင်းတွင် မိမိတို့၏ အမည် ပါ/မပါ မဲရုံသို့ သွားရောက်ကြည့်ရှုစေရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
တင်တင်နု( စဉ့်ကူး )