မြောင်းမြမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မြောင်းမြ  စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာ၌ ယမန်နေ့ နံနက် (၉) နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်၏ ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ခရိုင် ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျုံဝါးကျေးရွာ၌ ယမန် နေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော ရဟန်းသံဃာများ၊ သီလရှင်များ၊ ဒေသခံပြည်သူများ ကျား(၁၉၄)၊ မ(၂၅၆)၊ စုစုပေါင်း (၄၅၀) ဦးအား ဒုတိယအကြိမ်မြောက် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ကေခိုင်စိုး  (ခရိုင် ပြန်/ဆက်)