ဝေါ စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးက “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့၊ နံနက် ၉ နာရီက သပြေကန်ကျေးရွာအတွင်းရှိ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ဘူးခြင်း မရှိသေးသူများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဝင်းမော်၊ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးမျိုးဝင်းအောင်၊ ဦးကြည်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးရဲထွန်းမြင့်နှင့် ဝန်ထမ်းများက သပြေကန်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ဘူးခြင်း မရှိသေးသူ(၁၂၀)ဦးကို နေ့ချင်းပြီးဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဝေါမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် “ပန်းခင်းစီမံချက်” ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၈)အုပ်စုရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၆)နှစ် အထက်နှင့် အသက်(၁၈)နှစ် အထက် လူဦးရေ(၅,၂၄၈)ဦး တို့ကို မေလ ၃ ရက်နေ့မှ စတင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ယနေ့အချိန်ထိ လူဦးရေး(၁,၂၇၈)ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးပြီးဖြစ်ကာ ကျန်ရှိနေသော မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားမပြုလုပ်ရသော ပြည်သူများကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဝေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွန်းမြင့် ထံမှ သိရသည်။
စိုးမိုး(ပြန်/ဆက်)