ထားဝယ်မြို့တွင် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ်(ကိုဗစ်-၁၉ Economic Relief Plan)ဖြင့် ယိုမျိုးစုံထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ထားဝယ် သြဂုတ် ၁၄

ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ်(ကိုဗစ်-၁၉ Economic Relief Plan)ဖြင့်ဖွင့်လှစ်သော ယိုမျိုးစုံ ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ယမန်နေ့က တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်

တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးမှူးဦးမျိုးမြင့်နိုင်၏ ကိုဗစ်-၁၉ကြောင့် ဖြစ်လာသော စီးပွားရေး ထိခိုက်မှုများအား ပြန်လည်ကုစားရန်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ဒေသတွင် ထွက်ရှိသောသစ်သီးဝလံများကိုအခြေခံ၍ စျေးကွက်ဝင်ယိုမျိုးစုံထုတ်လုပ်တက်စေရန် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်း သား၊ သင်တန်းသူများက သင်တန်းမှပို့ချပေးနေမှုများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူ မှတ်သားစေလိုကြောင်း ပြောကြားသည်

ထို့နောက် သင်တန်းနည်းပြ ဒေါ်အေးမွန်ရည်နှင့် တာဝန်ရှိသူများက  သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးအား  သ​င်္ဘောသီးယို (ချို စပ်)သရက်သီးယို(ချိုစပ်)ခရမ်းချဉ်သီးယိုရှောက်သီးယိုသရက်သီးသနပ်နှင့်ဂျယ်လီပြုလုပ်နည်းများကို သြဂုတ်(၁၈)ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်

ကျော်ကျော်လတ်(ပြန်/ဆက်)