ဖြူး ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ဖြူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ကော်မတီ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မနက် (၁၀)နာရီတွင် ဖြူးမြို့နယ် အ.ထ.က (၁)၊ စပယ်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်မှ အမှာစကား ပြောကြားရာတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာစွာဖြင့် အမှားနည်းနိုင်သမျှ နည်းအောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်တိုက်ထွန်း ပြောကြားပြီး ဖြူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းလင်းမှ ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်း(ပထမ)အကြိမ်ကို ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေငြာထားခဲ့ပါသည်။ ထိုစာရင်းများအရပြင်ဆင်ဖြည့်စွတ်သူ (၂၀၀၀၀) နီးပါးရှိကြောင်းထိုသူများ အတွက်အချိန်မီ မှန်မှန်ကန်ကန်ဖြည့်စွက်ပြင်ဆင်နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမင်းလတ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒေါ်စန်းစန်းမြတ် (တောင်ငူခရိုင် နယ်မြေ တာဝန်ခံ) နှင့် ဖြူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ကော်မတီ အဖွဲ့ဝင်များမှ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်ရုံးခွဲများတွင် ကပ်ထားသော မဲဆန္ဒရှင်စာရင်းများကို ကွင်းဆင်း စစ်ဆေး ကြည့်ရှုခဲ့ကြောင်းသိရသည်။
မနွယ်(ဖြူး)