ရွာသစ်မြို့တွင် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံ မှန်ကန်စေရေး မြေပြင် ကွင်းဆင်း စစ်ဆေး

ရွာသစ် ဩဂုတ် ၁၄

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  အထွေထွေရွေး ကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ကယားပြည်နယ် ဘောလခဲခရိုင်၊ ရွာသစ်မြို့ အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မဲစာရင်း ကပ်ထား ကြေညာ ထားမှုကို ဘောလခဲ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ရပ်ကွက် ၊ ကျေးရွာများ၌ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ ပြုစု ထားရှိပြီး ဖြစ်သည့် မဲဆန္ဒရှင် စာရင်းများတွင် အိမ်ထောင်စု လူဦးရေ စာရင်း မှန်ကန်မှု ရှိ/ မရှိ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားပါ အချက်အလက် မှန်ကန်မှု ရှိ/ မရှိ၊ မဲစာရင်း၌ အမည် (သို့မဟုတ်) နေရပ်နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များ မှားယွင်းမှု ရှိ/ မရှိ၊ မဲဆန္ဒရှင် စာရင်းများ ကျန်ရှိမှု ရှိ/ မရှိ စစ်ဆေးကာ မဲစာရင်း လာရောက် ကြည့်ရှုမှု မရှိသော ပြည်သူများကို အိမ်တိုင်ရာရောက် ကွင်းဆင်း၍ တိုက်ဆိုင် ကြည့်ရှု စစ်ဆေးပြီး မဲဆန္ဒရှင် စာရင်းတွင် မပါရှိပါက ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ)တွင် ဖြည့်စွက်၍ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့စေရေး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မဲစာရင်းများကို ဇူလိုင် (၂၅) ရက်နေ့မှ ဩဂုတ်လ (၁၄) ရက်နေ့ အထိ ကပ်ထား ကြေညာထားပြီး ဒုတိယ အကြိမ် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ အတွင်း ထပ်မံ ကြေညာမည် ဖြစ်ကြောင်း နှင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  အထွေထွေ ရွေးကောက်ပွဲတွင် ရွာသစ်မြို့ အတွင်း မဲရုံ (၇) ရုံရှိပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင် ပြည်သူ စုစုပေါင်း (၁၉၂၁) ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံးထံမှ သိရသည်။

နန်းဆွေေဆွေအေး(ပြန်/ဆက်)