နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများစိစစ်ရွေးချယ်ခြင်းဆောင်ရွက်

 လဟယ် သြဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အ‌တွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ခြင်းလုပ်ငန်းကို ယနေ့ နံနက်တွင် မြို့နယ်ကော်မရှင်ရုံးတွင်ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၁၅)ဦး၊ အမျိုးသား လွှတ်‌တော်ကိုယ်စားလှယ်လောင်း(၅)ဦး၊ တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ်လောင်း(၁၅)ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ်လောင်း(၁၅)ဦး လွှတ်တော်ကိုယ်စားလှယ်လောင်း(၅၀)ဦးအား ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ နှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ပါမင်းလှိုင်(ပြန်/ဆက် )