အုတ်ဖို ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဇော်မင်းတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီး မှူး ဦးဝင်းမြင့်စိုးမှ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ကျေးရွာအုပ်စု (၈) အုပ်စုမှ ၊ ကျေးရွာ(၈) ရွာအတွက် မတည်စီမံကိန်း ရန်ပုံငွေ သန်း (၂၂၀) အား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျေးရွာကော်မတီများလက်ဝယ်သို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)