မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနေ့စဉ်လုပ်ငန်းညှိနှိုင်း အမှတ်စဉ်(၃၀/၂၀၂၁) အစည်းအဝေးကျင်းပ

မကွေး စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနေ့စဉ် လုပ်ငန်းညှိနှိုင်း အမှတ်စဉ်(၃၀/၂၀၂၁) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မကွေတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။

အခမ်းအနားအတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က  အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများအား ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းများသော မြို့နယ်များရှိ ကျေးရွာများ အလိုက် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရွေ့လျား မိုဘိုင်းယာဉ် များဖြင့် RDT Test Kit စစ်ဆေးခြင်း များအား ပိုမိုမြန်စွာစစ်ဆေးရေး၊  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးနှင့် ခရိုင်/မြို့နယ်များတွင် အောက်ဆီဂျင်စက်များ ရောက်ရှိပါက အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် အောက်ဆီဂျင် လိုအပ်ချက်အား အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် သက်ဆိုင်ရာခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးတို့က ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု အခြေအနေများ၊  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)