နတ်တလင်း စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများအား ယမန်နေ့ နေ့လယ် ၁ နာရီက စတင်၍ တာပွန်မြို့ ရွှေသာလျောင်းဘုရာကြီးဝန်းတွင် ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေး ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ကာကွယ်ဆေး ထိုးစုရပ်အသီးသီးတွင် သတ်မှတ်ရက်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ဦးတည်အုပ်စုများမှာ အသက် (၅၅)မှ (၆၄)နှစ် အထိ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါရှိသူများ၊ EAOs စသည့် ဆေးမထိုးရသေးသည့် သူများအား ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ဦးစားပေး အစီအစဉ် အလိုက် လူဦးရေ (၁၈,၆၇၄)ဦးရေအနက် ပထမအကြိမ် ဦးတည်သတ်မှတ်ဦးရေ (၅,၁၂၀)ဦးအား ဆေးထိုးစုရပ်များတွင် အဖွဲ့(၁၀)ဖွဲ့ဖြင့် ထိုးနှံပေးသွား မည်ဖြစ်ပြီး ဆေးရရှိမှု အပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)