အိမ်မဲ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြည်သူဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အသက်(၅၅)နှစ်အထက် ပြည်သူများအား ပထမအကြိမ်အဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးစုရပ်သို့ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန် ကြီးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြပြီး မြို့ပေါ်ရပ်ကွက်များမှအသက် ၅၅ နှစ်အထက်ပြည်သူ ၅၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်အနေဖြင့် ကျန်ရှိနေသောရပ်ကွက်များနှင့် ကျေးရွာများမှ အသက် ၅၅ နှစ်အထက် ပြည်သူများအား စက်တင်ဘာလ ၂၂ ရက်နေ့အထိ အ-ထ-က(၁)ကျောင်းတွင် ကိုဗစ်ကာကွယ် ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)