ပြည် စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ပြည်မြို့ သီရိခေတ္တရာရတနာ မြို့တော်ခန်းမ၊ အ.ထ.က(၁)ပြည်၊ နှောကုန်းကျေးရွာအုပ်စု ဓမ္မာရုံနှင့် မှော်ဇာကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနခွဲ အစရှိသည့် ဆေးထိုးစုရပ်နေရာ လေးခုတို့၌ ယနေ့နံနက် ၉ နာရီက စတင်ဆောင်ရွက်လျက်ရှိသည်။
ယခင်ပထမအကြိမ်က အသက်(၆၅)နှစ်နှင့်အထက် ရှိသူများအား ဦးစားပေးထိုးနှံဆောင်ရွက်ခဲ့ပြီး ယခုဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်(၅၅)နှစ်အထက် ရှိသူများ၊ မသန်စွမ်းသူများနှင့် (ဆီးချို၊ သွေးထိုး၊ နှလုံး)အစရှိသည့် နာတာရှည်ရောဂါအခံရှိသူများ စသည့်အုပ်စု(၃)ခုအား အဓိကထား ဦးစားပေးထိုးနှံပေးမှာဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရပြီး ယနေ့မွန်းတည့် ၁၂ နာရီအထိတွင် သီရိခေတ္တရာရတနာ မြို့တော်ခန်းမ၌ (၁၆၈)ဦး၊ အ.ထ.က(၁)၌(၃၃၀)ဦး၊ နှောကုန်းကျေးရွာအုပ်စု ဓမ္မာရုံ၌(၁၂၅)ဦး၊ မှော်ဇာကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနခွဲ၌ (၁၄၀)ဦး စုစုပေါင်း(၇၆၃)ဦးတို့အား ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်းနှင့် ပြည်မြို့နယ်တွင် စက်တင်ဘာ ၁၅ရက်မှ ၁၇ ရက်နေ့အထိ အုပ်စုအလိုက် ဆေးထိုးစုရပ်နေရာ အသီးသီး၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ခရိုင်ပြန်/ဆက်