ဇလွန် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက်( ၅၅) နှစ်မှအသက်(၆၄)နှစ်ထိပြည်သူများအားကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ.ထ.က( ၁ )ဇလွန်တွင် ယနေ့ နံနက်(၉)နာရီအချိန်ခန့်မှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ဇလွန်မြို့နယ်တွင်လည်း အသက်( ၅၅) နှစ်မှ အသက်(၆၄)နှစ်ထိ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပရဟိတ အသင်းများပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှသာ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဝေယံ