အုတ်ဖိုမြို့နယ်တွင် အသက် ၅၅ နှစ် မှ ၆၄ နှစ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

အုတ်ဖို စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အသက် ၅၅ နှစ် မှ ၆၄ နှစ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက်မှ စတင်ကာ ကျေးရွာများ တွင်ပါ နေရာခွဲ၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေးဖြစ်ကာ ဆေးထိုးလာသည့် ပြည်သူများ ရောဂါကူးစက်မှုမဖြစ်ပေါ်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် တိုက်နယ်ဆေးရုံများနှင့် ကျေးလက် ကျန်းမာရေးဌာနများတွင် (၁၀)နေရာခွဲ၍ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကြီးကြပ်ထိုးနှံပေးလျက်ရှိပြီး ဒေသခံ ပြည်သူ လူဦးရေ (၅၃၀၀)ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။

အောင်သူ(အုတ်ဖို)