ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကျိုက်ဒုံ စက်တင်ဘာ ၁၅ 

ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက(ပြန်/ဆက်)ဝန်ထမ်းများ၊မီးသတ်အဖွဲ့များ၊ဌာနဆိုင်ရာများကမြို့ပေါ်ရပ်ကွက်တွင် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေးမှုများဆောင်ရွက်ရာမှာပြည်သူများအနေဖြင့်မိမိနေအိမ်များတွင်သာနေထိုင်ကြရန်၊အရေးကြီးကိစ္စကြောင့်ပြင်ပသို့ထွက်ခွာပါကနှာခေါင်းစည်းကိုစနစ်တကျတပ်ဆင်သွားလာကြရန်၊ပြင်ပမှလာသောဧည့်သည်များအားလက်မခံပါရန်၊နှာခေါင်းစည်းမတပ်သူများနှင့်တွေ့ဆုံခြင်း၊စကားပြောခြင်း၊ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊လူစုလူဝေးပြုလုပ်ခြင်းနှင့်သွားလာခြင်းများကို ရှောင်ကြဉ်ရန်စသည့်အသိပညာပေးနှိုးဆော်ချက်များအား အသံချဲ့စက်ဖြင့် လိုက်လံနိုးဆော် ပေးခဲ့ကြောင်း သိရသည်။

သန်ထွန်းနိုင်