လှိုင်းဘွဲမြို့နယ်တွင် အသက်(၁)နှစ်ခွဲ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

လှိုင်းဘွဲ   စက်တင်ဘာလ  ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ မွေးစမှ အသက်()နှစ်ခွဲ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မွေးစမှအသက်()နှစ်ခွဲ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်း ရောင် အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင်ရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံခြင်း/တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်မာရေးနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ရန်၊ ရောဂါလက္ခဏာ တစ်ခုခု ဖြစ်ပေါ်လာပါက ဆေးရုံ/ ဆေးခန်းတွင် အမြန်ဆုံးသွားရောက်ပြသရန် လိုအပ်ကြောင်း အသိပညောပေးခြင်းနှင့် မေးခိုင်ရောဂါ ကာကွယ် ဆေးထိုးနှံ ပေးခဲ့ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)