လှိုင်းဘွဲ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ကယ်ဆယ်ရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေသော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းနှင့် ကြက်ခြေနီအသင်း အနေဖြင့် သွားလာရေးနှင့်စားသောက်ရေး အဆင်ပြေစေရန်အတွက် ထပ်မံပေးအပ်ခြင်းကို ယမန်နေ့က ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကားဆီဖိုးနှင့်စားသောက်ရေး အဆင်ပြေစေရန် အတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းအတွက် ထောက်ပံ့ငွေကျပ်(၅၀)သိန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အတွက် ထောက်ပံ့ငွေကျပ်(၂၅)သိန်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ်(၇၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)