တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉လူနာသစ်(၁၀)ဦးထပ်မံတွေ့ရှိပြီးအတည်ပြုလူနာပေါင်း(၁၄၁၃)ဦးရှိ

တနင်္သာရီ စက်တင်ဘာလ ၁

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုအရ ကုသရေး Centre ဆေးရုံများနှင့် တနင်္သာရီတံတား ထိပ် ကိုဗစ်-၁၉ ထိန်းချုပ်စစ်ဆေးရေးဂိတ်များတွင် ဒေသခံလူနာများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၀)ဦးအား ထပ်မံတွေ့ရှိရကြောင်း သိရသည်။

သို့ပါ၍ စက်တင်ဘာလ(၁၄)ရက်နေ့အထိ  တနင်္သာရီမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေး Centre ဆေးရုံ(၃)ခုနှင့် COVID-19 Positive Centre များအတွင်း ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြု တွေ့ရှိသူဦးရေ စုစုပေါင်း(၁၄၁၃)ဦးရှိသည်။ ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့် ရရှိသူဦးရေမှာ(၁၁၂၅)ဦး၊ ပိုးတွေ့သေဆုံးသည့်လူနာပေါင်း(၁၇)ဦး၊ လက်ရှိဆေးဝါး ကုသမှုခံယူနေ ဆဲ ကိုဗစ်လူနာပေါင်း(၂၆၉)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှတမ်းအရ သိရသည်။

ကုသမှုခံယူဆဲ ကိုဗစ်-၁၉လူနာများမှာ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသီးသန့်လူနာအဆောင် တွင် ကိုဗစ်-၁၉လူနာ(၂၀)ဦး၊ တကူ(စံပြ)တိုက်နယ်ဆေးရုံ သီးသန့်လူနာဆောင်အတွင်း(၃၇)ဦး၊ မောတောင်တိုက်နယ်ဆေးရုံးတွင်(၆)ဦး၊ အထက-တနင်္သာရီ Positive Centre ၌(၇၁)ဦး၊ အထက(ခွဲ)သာရဘွင်ရွာ Positive Centre တွင်(၁၀)ဦး၊  အလက(ခွဲ)သံတိုက် Positive Centre တွင်(၆၃)ဦး၊  အထက-ညောင်ပင်ကွင်းရွာ Positive Centre တွင်(၇)ဦး၊ အလက-လယ်တောင် ယာရွာ Positive Centre တွင် (၄၄)ဦး စုစုပေါင်း(၂၅၉)ဦးရှိပြီး သက်ဆိုင်ရာတာဝန်ခံဆရာဝန် များကကြီးကြပ်၍ ဆေးဝါးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)