ဇလွန် သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်သည့် အကြောင်းနှင့် ထောက်ပံ့ငွေများအား ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များအတိုင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀,၀၀ဝိ/- နှုန်းဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်စု ၇၁ အုပ်စုရှိ အိမ်ထောင်စု ၂၀၆၃၅ စုအတွက် ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ် ၄၁၂,၇၀၀,၀၀ဝိ/- ကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့သည်။
အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပြန်လည် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)