ပန်နန်းဒင် ဩဂုတ် ၁၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၌ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များစာရင်းကို ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ်လ(၁၄)ရက် နေ့ထိ မြို့ပေါ် ရပ်ကွက်(၁)ခုနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် မဲစာရင်းများ ထုတ်ပြန်ကြေညာ ထားရှိသည်။
ယင်းဆန္ဒမဲ ပေးခွင့်ရှိသူစာရင်းများ ကြေညာထားရှိရာ မဲစာရင်းများ မှန်ကန်စွာပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက် နိုင်ရန်အတွက် အချိန်ပိုမိုရရှိစေရန် ဩဂုတ်လ ၁၄ ရက်နေ့ထိ ရက်တိုးမြှင့် သတ်မှတ် ပေးထားခဲ့ရာ လာရောက်ကြည့်ရှုသူ (၃၈၆) ဦးကြောင်း၊ အမည်မပါ၍ ပုံစံ(၃)ဖြင့် လာရောက် လျှောက်ထားသူ (၃၀)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားသူ (၃၅)ဦးရှိကြောင်း၊ လာရောက်လျှောက်ထားသူနှင့် ပြင်ဆင်လျှောက်ထားသူ စုစုပေါင်း(၆၅)ဦး ရှိကြောင်းနှင့် ပန်နန်းဒင်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နို၀င်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရရှိသူ စုစုပေါင်း (၁၀၁၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
နောယော်ဘော်(ပြန်/ဆက်)