ပေါင်းတည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ သိရှိစေရန် “သင့်အမည်ပါဝင်ပါသလား” ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ပိုစတာများ ချိတ်ဆွဲပေးလျက်ရှိ

ပေါင်းတည် သြဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်ပြည်သူများ သိရှိစေရန် “သင့်အမည်ပါဝင်ပါသလား” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ပိုစတာ များ ချိတ်ဆွဲပေးခြင်း လုပ်ငန်းများကို မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်မှ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေး မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် လူစည်ကားနေရာများဖြစ်သည့် ရုံးများ၊ စျေး၊ ဘူတာရုံကားဂိတ်၊ ပန်းခြံ၊ လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် ပို့စတာများ ချိတ်ဆွဲခြင်း လုပ်ငန်းများကို မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရသည်။

တင်ဝင်းဇော်(မင်းသားကြီး)