မင်းလှမြို့၌ နိုင်ငံတော်အရေးပေါ်အရန်ရိက္ခာ ၁၈ လီတာဆန့် စားအုန်းဆီပုံး ၄၈၅၀ ပုံး သိုလှောင်ထားရှိ

မင်းလှ(အောက်) ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာ အခက်အခဲကြုံတွေရပါက ဖြန့်ဝေပေးနိုင် ရန် အတွက် နိုင်ငံတော်အရေးပေါ်အရန်ရိက္ခာ ၁၈ လီတာဆန့် (၁၀ပိသာ) စားအုန်းဆီပုံး (၄၈၅၀) ပုံးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ စတင်သိုလှောင် ထားရန် ဩဂုတ် ၁၄ ရက်က‌ ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

သိုလှောင်ထားရှိသော နိုင်ငံတော်အရေးပေါ် အရန်ရိက္ခာစားအုန်းဆီပုံးများ လုံခြုံရေးကို စနစ်တကျ ဆောင်ရွက်ထားရှိပြီး၊ မြို့နယ်အရေးပေါ် အရန်ရိက္ခာစုဆောင်းရေးနှင့် ထောက်ပံ့ဖြန့်ဝေရေးကော်မတီမ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါနိုင်ငံတော် အရေးပေါ် အရန်ရိက္ခာ စားအုန်းဆီပုံး(၄၈၅၀)ပုံးကို မင်းလှမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်များအတွင်းရှိ ဒေသခံပြည်သူများ စားနပ် ရိက္ခာ အခက်အခဲကြုံတွေ့ရပါက ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ မင်းလှ