လှိုင်းဘွဲ ဩဂုတ် ၁၄
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ပရိတ်သတ်အကြိုက် စာအုပ်များ Online မှတစ်ဆင့် မိတ်ဆက်ခြင်းကို ယမန်နေ့က Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါမိတ်ဆက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်၊ စာထောက်-၃(အင်အားပြ) ဦးမျိုးကိုကို၊ စာဖတ်ပရိတ်သတ် ဦးလင်းခိုင်တို့က စာရေးဆရာဖေမြင့် ရေးသားထားသော နှလုံးသားအဟာရ ရသစာစုများ (၂) စာအုပ်ထဲမှ တောင်းပန်ရဲခြင်း၊ မိသားစုနွေးထွေးခြင်း၊ ကောင်းမှုပြုလုပ်ထားခြင်းအားဖြင့် မိမိဆီပြန်လည်ရောက်ရှိလာခြင်း စသောအကြောင်းအရာများကို စာဖတ်ပရိတ်သတ်များအား Online မှတစ်ဆင့် အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)