ပွင့်ဖြူ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသူများ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်မြတ်ခိုင်က ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် ယခု ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာ၌ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးနှံရန်ကျန်ရှိနေ သော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များ ၊ သီလရှင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ အသက်အရွယ်ကြီး ရင့်သူများနှင့် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများကို ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ပါကြောင်း ၊ တက်ရောက် လာသည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အောင်မြင်စွာထိုးနှံပြီးစီးနိုင် ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက မြို့နယ်အတွင်းရှိ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူ များကာကွယ်ဆေးလာရောက်ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်ရန်လုပ်ငန်းများအား ဆွေးနွေးတင်ပြရာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြား ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရမည့်ဦးရေ စုစုပေါင်း ၆၀၉၂ ဦး ရှိကြောင်း သိရပြီး အဆိုပါ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေး ခြင်းလုပ်ငန်းကို ဩဂုတ် (၂၉)ရက်နေ့မှ စက်တင်ဘာ (၁၀)ရက်နေ့အထိ ဆေးထိုးစုရပ် (၄) နေရာခွဲ၍ ထိုးနှံဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူ ၅၃၈၉ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )