ကလိန်အောင် စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ရတနာ၊ရဲတံခွန်၊ဇောတိက CSR လူမှုစီးပွား စီမံကိန်းဝင် ကျေးရွာများရှိပြည်သူများ ကိုစ်-၁၉ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရတနာ၊ရဲတံခွန်၊ဇောတိက CSR လူမှုစီးပွားစီမံကိန်းမှ လာရောက်လှူဒါန်းထားသော ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ကလိန်အောင်မြို့ ရတနာကျန်းမာရေးမှ Volunteer ဒေါ်ကေဇာမိုးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ကလိန်အောင်မြို့(ရတနာ၊ရဲတံခွန်၊ဇောတိက၊ CSR လူမှုစီးပွားစီမံကိန်း) ဝင်ကျေး ရွာများမှ အိမ်ထောင်စုတစ်စုလျှင် Mask (၁) ထုတ်၊Hand Gel(၁) ဘူး၊ ဆပ်ပြာခဲ (၂) ခဲ၊ကိုဗစ်အသိပညာပေး လက်ကမ်း(၁) စောင်နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၃၅၅)စုအတွက် Face Mask (၃၅၅)ထုတ်၊Hand Gel(၃၅၅) ဘူး၊ ဆပ်ပြာ(၇၁၀)ခဲ၊ ကိုဗစ်အသိပညာပေးလက်ကမ်းစာ စောင်(၃၅၅) စောင်တို့အား အိမ်တိုင်ရာ ရောက်စနစ်တကျဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကလိန်အောင်(ပြန်/ဆက်)