မြောင်းမြမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်လှစ်

မြောင်းမြ   ဩဂုတ်  ၁၄

ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ဒီးကျေးရွာ၊ နဂါးပတ်တောင်ဘုန်းကြီးကျောင်း၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

သင်တန်းတွင် မြောင်းမြမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းဝင်းက ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာစိုက်ပျိုးရေးကို အ‌ခြေခံသော တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ လုပ်ငန်းခွင်တွင် စက်ကိရိယာများ သုံးစွဲလျက်ရှိသည့် အားလျော်စွာ တောင်သူများ လက်ဝယ်ပိုင်ဆိုင်ထားသော လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျမောင်းနှင် ထိန်းသိမ်းတတ်စေရန်နှင့် စက်၏အခြေခံလုပ်ဆောင်မှု သဘောတရားများကို နားလည်တတ်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ  သင်တန်းကို ၁၃ရက်နေ့မှ ၁၄ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သူ(၃၀)ဦး တတ်ရောက် ခဲ့ကြောင်းသိရသည်။

မြောင်းမြ(ပြန်/ဆက်)