တနင်္သာရီ စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား စက်တင်ဘာလ(၈)ရက်နေ့မှ (၁၀)ရက်နေ့ အထိ ဘန်းလမွတ်ကျေးရွာ အုပ်စုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့် အညီ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်နေရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးက ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးက အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများလာရောက် ပြုလုပ်နေကြသည့် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အရေးကြီးပုံ၊ လူမှုဘဝတွင် မဖြစ်မနေကိုင်ဆောင်ရမည့်ကတ်ပြား တစ်မျိုးဖြစ်ကြောင်းကို ရှင်းလင်းပြောကြားပြီး၊ လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအား ပေးခဲ့ပါသည်။
အဆိုပါ ကျေးရွာအုပ်စုအတွင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အသက်(၁၀)နှစ်ပြည့် နိုင် ၃(က)(၆)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က)(၂၇)ဦး၊ လဲလှယ်(၉)ဦး စုစုပေါင်း(၄၂)ဦးနှင့် အိမ်ထောင်စု(၈)စုအား ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သီသီခိုင်(တနင်္သာရီ)