ကျိုက်လတ် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြိုနယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ စေတနာ့ဝန်ထမ်းVolunteerများ ကျန်းမာရေးနှင့် ကိုဗစ်၁၉ရောဂါ ကာကွယ် ခြင်း လုပ်ငန်းနှင့်ပတ်သတ်သည့် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေဝါလတ်ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိန်မြင့်ကသင်တန်းအဖွင့် အမှာစကား ပြောကြားခဲ့သည့်။ ဆက်လက်ပြီးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဦးအေးကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်စေတနာ့ ဝန်ထမ်း Volunteer များ၏အခန်းကဏ္ဍ၊ လိုက်နာရနည့်စည်းကမ်း၊ပြောဆို ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကျင့်ဝတ်များ၊ ပြောဆိုဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှု၊စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု ပေးခြင်း၊ စေတနာ့ဝန်ထမ်များမိမိကိုယ်ကို စောင့်ရှောက်မှုနည်းစနစ်များကို ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ပြီးသင်တန်း တက်ရောက်လာသူများမှအပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ သင်တန်းအားကျိုက်လတ်မြို့နယ်တွင် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေသည့် စေတနာ့ ဝန်ထမ်း Volunteer များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်