သရက်မြို့၌ ခရိုင်ဥပဒေအရာရှိနှင့် ခရိုင်အတွင်းရှိဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သရက် ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ဥပဒေအရာရှိနှင့် ခရိုင်အတွင်းရှိ ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီက ခရိုင်ဥပဒေအရာရှိရုံးတွင် ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်ဉပဒေအရာရှိ ဒေါ်လှလှဝင်းက “ ခရိုင်အတွင်းရှိ ဥပဒေ အရာရှိများ အနေ ဖြင့် တရားစွဲနဲ့ အမှုလိုက် လုပ်ငန်းများ၊ ဥပဒေအကြံပေးခြင်းလုပ်ငန်းများ လုပ်ဆောင်တဲ့အခါမှာ ပြည်ထောင်စု ရှေ့နေချုပ်နည်းဥပဒေနဲ့ နည်းဥပဒေ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများထိရောက် မြန်ဆန်စွာ ဆောင်ရွက်နိုင်ကြဖို့ လိုပါတယ်” ဟု ပြောကြား ခဲ့သည်။

အစည်အဝေးတွင် သရက်၊ အောင်လံ၊ မင်းတုန်း၊ ကံမ၊ မင်းလှနှင့် ဆင်ပေါင်ဝဲမြို့နယ်များမှ ဥပဒေအရာရှိများက မိမိတို့ မြို့နယ်အလိုက် ဥပဒေအကြံပေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြဆွေးနွေးကြရာ ခရိုင် ဥပဒေအရာရှိက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ လုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာထား၍ ကြိုးစားဆောင်ရွက် ကြရန် မှာကြားပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)