ကံမ ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ မြို့ရေပေးဝေ ရေး၌ အသုံးပြုသည့် ရေဂါလံ(၅၀၀၀၀)ဆံ့ ရေကန်အား ကျောက်စီမြေထိန်းနံရံ ပြုလုပ်နေမှု အား အမှုဆောင် အရာရှိ ဦးမြင့်လှိုင် နှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များက ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကျောက်စီမြေထိန်းနံရံမှာ အလျား ၅၀ ပေ ၊ အနံ ၃ ပေ နှင့် အမြင့် ၁၀ ပေ ရှိပြီး စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ရန်ပုံငွေ ကျပ်ကိုးဆယ့် ခြောက်သိန်းဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြစ်ရေတင်စနစ်ဖြင့် မြို့ရေပေး ဝေရာတွင် အသုံးပြုသည့် ရေကန်အား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ကျောက်စီမြေထိန်း နံရံပြု လုပ်ရခြင်း ဖြစ်ကြောင်း အမှုဆောင် အရာရှိ ဦးမြင့်လှိုင်ထံမှသိရသည်။
ကျော်ဇေယျဝင်း(ကံမ)