မြိုင် သြဂုတ် ၁၄
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့တွင် ယမနေ့ ညနေ ၃နာရီက တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးကုဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြိုင်မြို့စည်ပင်သာယာမြို့မစျေးအတွင်းရှိ တိုင်းရင်းဆေးဝါးများရောင်းချသော ဆေးဆိုင်များသို့ သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးသည်။
ထို့သိုစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူး ဦးဌေးမင်းအောင် က တိုင်းရင်းဆေးဝါး ရောင်းချသည့် ဆေးဆိုင်များသည် သက်တန်းလွန်တိုင်းရင်းဆေးဝါးများ ၊ မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ထုတ်ပြန်ထားသည့် အခြားသုံးစွဲရန် မသင့်သောတိုင်းရင်းဆေးဝါးများ ထားရှိရောင်းချခြင်း မပြုကြပါရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါကတိုင်းရင်းဆေးဝါးဥပဒေ ပုဒ်မ (၃၁) ၊(၃၂) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြိုင်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူးဦးဇော်ထွန်းဦးက ကုန်အညွန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများနှင့် မြန်မာစာဖြင့် ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအားစိစစ်၍ စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ ဥပဒေ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားကြကြောင်း သိရသည်။
အောင်ကျော်မိုး(ပြန်ဆက်)