စေတုတ္တရာ ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ် ရေး နှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး ကတ်များအား ယမန်နေ့နံနက်ပိုင်းက မထိမ်းကျေးရွာနှင့် ခိုဝင် ကျေးရွာတို့၌ အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် စေတုတ္တရာ မြို့နယ် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးထင်အောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မထိမ်းကျေးရွာနှင့် ခိုဝင်ကျေးရွာတို့မှ ဒေသခံပြည်သူများအား မြန်မာနိုင်ငံသားဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ မဲဆန္ဒရှင်စာရင်းများမှ နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများအား နိုင်ငံသား စိစစ်ရေးကတ်အသစ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး အနေဖြင့် ကျန်ရှိနေသေးသည့် ကျေးရွာများတွင်လည်း အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ် မရှိသူများ အား ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးထင်အောင်ထံမှ သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)