ဓနုဖြူ ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ နှင့်အညီ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက အခြေခံပညာ အထက်တန်းကျောင်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ရွှေစင်ဦးနှင့် တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ စီစဉ်ဆောင်ရွက် ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျောင်းဖွင့်လှစ်ခွင့်ပြုထားသည့် သတ်မှတ် စည်းကမ်းချက် များအတိုင်း လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျောင်းဝန်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး (ပြန်ဆက်)