ပန်းတောင်း သြဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် စျေးကွက်စောင့်ကြည့် စစ်ဆေးရေး အဖွဲ့များနှင့် ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ထုံးဘိုမြို့အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော ကုန်စည်(၁၀)မျိုးမှ ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ဖော်ပြရန် သတ်မှတ်ထားသည့် အချက်အလက်များ ဖော်ပြထားမှု ရှိ၊ မရှိ စျေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ထုံးဘိုမြို့အတွင်းရှိ စျေးဆိုင်များမှ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်မျိုးစုံနှင့် ယိုမျိုးစုံများအား စားသုံးသူကားကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး စျေးကွက်အတွင်းမှ မပြည့်စုံသော ကုန်စည်များအား ရက်ပေါင်း(၃၀)အတွင်း ကုန်အညွှန်း အမှတ်အသားများကို ပြန်လည်ပြင်ဆင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)