မင်းတပ်မြို့၌  ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို(၁၃၉)ဉီးအား  ထိုးနှံပေးပြီး ဆက်လက် ထိုးနှံပေး လျက်ရှိ

 

မင်းတပ်  စက်တင်ဘာ ၇

 

ချင်းပြည်နယ်၊ မင်းတပ်မြို့၌ အသက်(၆၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm  ဒုတိယအကြိမ် ထိုးနှံခြင်းကို ခရိုင်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၉)နာရီ အချိန်တွင် စတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့သည့် အသက်(၆၅)နှစ်အထက်ပြည်သူများနှင့် သတ်မှတ်ထားသည့် အစုအဖွဲ့ (၁၃၇၄)ဦးအနက်(၁၃၉)ဉီးအား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခဲ့သည့် အသက်(၆၅)နှစ်အထက်ပြည်သူများနှင့် သတ်မှတ်ထားသည့် အစုအဖွဲ့များအား (၆-၉-၂၀၂၁) ရက်နေ့မှ စတင်၍ (၂၈)ရက်ပြည့်ပြီးသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို  ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 

ဝေဖြိုး(ဇလပ်မြေ)